ဖက်ပြီးမရယ်ကြနဲ့ဦး
မဟာသင်္ကြန်ချောင်းသာအပျော်ခရီးသွားအစီအစဉ်
ရောက်ရှိလာတော့မည့်မဟာသင်္ကြန်ကာလတွင်အလုပ်မအားသည့်ကြားမှချောင်းသာခရီးသွားအစီအစဉ်ကို
အောက်ပါအထူးဝန်ဆောင်မှု့ များဖြင့်စတင်ပါတော့မည်။
၁။ရန်ကုန်မြို့ တွင်းနေသူများအတွက်ဘတ်စ်ကာဖြင့်ကြိုပို့ ပေးပါမည်။
၂။လမ်ခရီးတွင်ရေသန့် ဘူးခွံနှင့်ကျွတ်ကျွတ်အိပ်ခွံများပေးမည်။
၃။ခရီးစဉ်တွင်အများနှင့်မတူထူးခြားသောအမြန်ကားဒိုင်နာနှင့်မတ်တပ်ရပ်။
ငုတ်တုတ်ထိုင်ပျော်ရွှင်စွာသွားရမည်။
၎။လမ်းတစ်လျှော်ကားအားမိနစ်၃၀သွားအပေါ့အပါး၁နာရီနားဖြင့်ချောင်းသာသို့ ၅ညအိပ်အရောက်အမြန်
ခရီးစဉ်ဖြစ်သည်။
၅။ချောင်းသာရောက်သည်နှင့်အဆင့်မြင့်မြန်မာအစားအစာ ဘိန်းမုန့် ။ကောက်ညှင်းပေါင်း။
များကိုမြန်မာငွေ၁၀၀ဖိုးတိတိအလကားကျွေးမည်။မေတ္တာလက်ဆောင်ဖြစ်သွားကြားထိုတံအလကား
ပေးမည်။
၆။ညဘက်သက်တောင့်သက်သာစွာအိပ်ပျော်စေရန်သောင်ပြင်တွင်ဖျာခင်းပေးမည်။
လက်မှတ်များကိုအွန်လိုင်းတွင်သာရောင်းချပါမည်။
ဝယ်နေရင်းမီးပျက်ပါကငွေပြန်အမ်းမည်မဟုတ်ပါ။

တွေးပြီးတွေး...ရယ်ပီးရယ်...ကြောက်ကြောက်နှင့်ရယ်
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။
တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။
၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။
တိုတိုထွာထွာဟာသများ
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။
၂)
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။
၃)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။
စာသင်ခန်းမှဟာသ
နွေရာသီ ကလေးများအတွက် ကွန်ပျူတာသင်တန်းကျောင်း တစ်ခုမှာ ဆရာက ပစ္စည်း
အခေါ်အဝေါ် အကြောင်းနဲ့ ကွန်ပျူတာကို Hardware နဲ့ software
နှစ်ပိုင်းခွဲထားတဲ့အကြောင်းကို တင်နေချိန်မှာပါ...
ဆရာမ ။ ။ ကဲ ကလေးတို့ရေ mouse နှစ်မျိုးရှိတယ်. နာမည်လေးတွေ ပြောပြပါလို့
ပြောချိန်မှာ အသံတစ်သံက အားလုံးကို ကျော်ပြီးထွက်လာခဲ့ပါတယ်။
ကလေးသံ။ ။ အော်တီကယ် မောက်စ် နဲ့ မော်တော်ပီကယ် မောက်စ်ပါတဲ့
(ကလေး အဖေ က ယဉ်ထိန်းဌာနက ၀န်ထမ်းတစ်ဦးဆိုတာ နောက်မှ သိရတာပါ။ သြော်
မက်ကယ်နီကယ် မောက်စ်မှ မော်တော်ပီကယ် မောက်စ်သို့ အခြေအနေအရ
ပြောင်းရွေ့သွားခြင်းပါလား)
မူလတန်းအရွယ် ကလေးများကို ကွန်ပျူတာသင်သော အခန်းလေးထဲဝယ်........
ဆရာ။ ။ ကဲ ကလေးတို့ရေ ကွန်ပျူတာကို အပိုင်းဘယ်နှစ်ပိုင်းခွဲပြီးထားသလဲကွယ်.
ကျောင်းသား။ ။ နှစ်ပိုင်းပါဆရာ
ဆရာ ။ ။ တော်လိုက်တာကွယ်. ကဲသား ဘယ်လိုလဲကွယ်ပြောပါအုန်း..
ကျောင်းသား ။ ။ အတန်းရှေ့သို့ရဲဝံ့စွာ ထွက်လာပြီး လက်ကလေးဖြင့် မော်နီတာ
ဖန်သားပြင်အား အလယ်မှ လက်ဖြင့် ပိုင်းဒီ ဟန် ပြုလုပ်ပြီး " ဒီလို
ပိုင်းတာပါတဲ့"
ကဲ ဆရာခမျာ ငိုရမှာလားရယ် ရမှာလား မသိတော့ပါ လိုချင်သည်က hardware & software အဖြေပါ.ရလာသည်က........
ချင်း အုန်းသီး စား တဲ့ ဇာတ် လမ်း
တစ်ခါ က
ချင်းတောင် က ချင်း အမျိုးသား တစ် ဦး ဟာ မြစ်ဝကျွန်းပေါ် ဒေ သ ကို
ပထမဆုံးအနေ နဲ့ အလည် အပတ် ရောက်လာ သတဲ့ ။ ချင်းတောင် မှာ အုန်းပင် မရှိလို့
အုန်းသီး တစ်ခါမှ အစားဘူး တဲ့ ချင်း အမျိုး သား က အုန်းသီး ကို စား
ကြည့်ပြီး မှတ် ချက် ချ လိုက် ပုံ က ( အောက်ပြည် အောက်ရွာ က အုန်းသီး
ကောင်းတယ် လို့ စားကြည့်ပါ တယ် ။ အရသာ က လည်း ဖန် တွတ် တွတ်နဲ့ အစေ့ က
လည်း အကြီး ကြီး၊) ဆို သတဲ့ .။
ဂုဏ်ယူ သော မွန် မိ ခင်
မွန် အမျိုး သမီး
ကြီး တစ်ဥိး က သူ့သမီး ဟာ မြန်မာ စကားရော၊ အင်္ဂလိပ် စကားရော ၊ မွန်စကားရော
မွတ်နေအောင် တတ်တယ် ဆိုတာ ကို လူကြားသူ ကြား ထဲမှာ မွန်သံ ၀ဲ ၀ဲ နဲ့ ပြော
ချ လိုက်ပုံက
"" ကျ မ သမီး က မြန်မာ လိုးလဲ ရတယ်၊ အင်္ဂလိပ် လိုး လဲ ရတယ်၊ မွန်လိုးတော့ ဖွတ် ဖွတ် ကျေ တဲ့""
အိုးရွဲ့ နဲ့ စလောင်း ပဲ့
တစ်ခါ က ရွာတစ်ရွာမှာ မောင်လှ ဆို တဲ့ လူရွယ် တစ်ဥိးရှိသတဲ့ ၊ မောင်လှ အရွယ်ရောက်လာတော့ မိဘများက အိမ်ထောင်ချပေး ချင်ပေမဲ့ မောင်လှ မှာ အောက်နှုတ်ခမ်း ပြတ်နေလို့ ယူမဲ့ မိန်းမ မရှိဘူးတဲ့၊ တစ်နေ့တော့ မိတ်ဆွေဟောင်းဆီက တဆင့်တခြားရွာတရွာက သမီးပျိုကို မိဘချင်း စကားကမ်းလှမ်းကြ သတဲ့ မောင်လှ မိဘူများက သူတို့သား အောက်နှုတ်ခမ်း မရှိတာ ကို ဖုံးကွယ်ချင်တော့ မင်္ဂလာ အခန်းအနားကို ညဖက်မှာပဲ မီးမှောင်ချ ပြီး ကျင်းပရမယ်လို့ အဆိုပြုတယ်။ သတိုးသမီး ရှင် ဖက် ကလဲ ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို နေ့ကောင်းရက်သားရွေးပြီး တညမှာ မီးမှောင်ချပြီးကျင်းပကြသတဲ့။ မင်္ဂလာဦး ထမင်းစားဝိုင်း မှာ မောင်လှက ဟင်းချို ပူကြောင်းကို “ ဟင်းချို က လဲ ၀ူ လိုက်တာ” လို့ပြောတော့ သတိုးသမီးက ပြန်ပြော လိုက် ပုံက “ ၀ူ ရင် ၀ုတ် တောက် ပေါ့ “ တဲ့